Udemy
    •  
    •  
    •  
    •  
    •  
    •  
    •  
    •  
Turn what you know into an opportunity and reach millions around the world.
Learn More
Your cart is empty.
Keep shopping
ချေးငွေအရာရှိများဒီဂျစ်တယ်ငွေကြေးအသိပညာစွမ်းရည်မြှင့်သင်တန်း
Rating: 3.7 out of 5(10 ratings)
90 students

ချေးငွေအရာရှိများဒီဂျစ်တယ်ငွေကြေးအသိပညာစွမ်းရည်မြှင့်သင်တန်း

အသေးစားချေးငွေလုပ်ငန်းများမှ ချေးငွေအရာရှိများအတွက် စွမ်းရည်မြှင့်တင်ခြင်း အွန်လိုင်းသင်တန်း
Last updated 2/2022
Burmese

What you'll learn

  • အသေးစားချေးငွေအရာရှိတစ်ယောက်ရဲ့ အခန်းကဏ္ဍ
  • ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဆိုတာဘာလဲ
  • ဒီဂျစ်တယ်ငွေကြေးအပလီကေးရှင်းဆိုတာဘာလဲ
  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပေးခြင်း/ ရယူခြင်း
  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပြန်လည်ပေးဆပ်ခြင်း
  • ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေလွှဲပြောင်းခြင်း
  • အသေးစားလုပ်ငန်းလေးများ/ချေးငွေယူသူများအတွက် အွန်လိုင်းသင်ခန်းစာပလက်ဖောင်း

Course content

9 sections8 lectures1h 3m total length
  • သင်ခန်းစာတစ်ခုလုံးကို ခြုံငုံမိတ်ဆက်ခြင်း0:14

Requirements

  • အသေးစားချေးငွေလုပ်ငန်းများမှ ဝန်ထမ်းဖြစ်ရပါမယ်
  • ကွန်ပျူတာ (သို့) ဖုန်း နှင့် အင်တာနက်ရှိရန် လိုအပ်ပါတယ်

Description

မြန်မာနိုင်ငံ၏ အသေးစားချေးငွေလုပ်ငန်းများ ကို ဒီဂျစ်တယ်စနစ်သို့ပြောင်းလဲခြင်းသည် အလွန်အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲသော နည်းပညာများက အရေးကြီးသလို စနစ်ကို လိုက်လံအသုံးပြုမည့်သူများဖြစ်သော အသေးစားချေးငွေလုပ်ငန်းများ၏ ချေးငွေယူသူများ သည်လည်း ထိုနည်းပညာများကို အသုံးပြုနိုင်ရန် လိုအပ်ပါသည်။ ထိုသို့အသုံးပြုလာနိုင်ရန်အတွက် အနီးကပ် ပံ့ပိုးကူညီသူများမှာ အသေးစားချေးငွေလုပ်ငန်းများမှ ချေးငွေအရာရှိများသာ ဖြစ်ပါသည်။ ချေးငွေအရာရှိများသည် ချေးငွေအဖွဲ့အစည်း ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချေးငွေယူသူများအကြား  ရင်းနှီးကျွမ်းဝင်လာအောင် မိတ်ဆက်ပေးပြီး အကောင်အထည်ဖော်ရာတွင် အဓိက လုပ်ဆောင်သောသူများလည်း ဖြစ်ပါသည်။ ဒါကြောင့်မို့ ဒီသင်ခန်းစာသည် ချေးငွေယူများက အဖွဲ့အစည်းမှ အကောင်အထည်ဖော်လိုသော ဒီဂျစ်တယ် စနစ်ကို ကောင်းစွာ သိရှိနားလည်ပြီး ချေးငွေယူများအကြား ပံ့ပိုးကူညီမိတ်ဆက်ရင်း စနစ်ကို ကောင်းစွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ပါသည်။

စနစ်တစ်ခုကို ပြောင်းလဲအသုံးပြုရာတွင် အရေးကြီးသော အချက်များမှာ

  • ထိုစနစ်က အသုံးပြုရန် လွယ်ကူခြင်း

  • ထိုစနစ်ကို ယုံကြည်ခြင်း

  • အခက်အခဲတစ်စုံတစ်ရာ တွေ့ကြုံပါက ပံ့ပိုးကူညီမည့်သူ/နေရာကို သေချာစွာသိခြင်း

တို့ ဖြစ်ပါသည်။

အသေးစားချေးငွေလုပ်ငန်းမှ ဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ခြင်းဆရာဖြစ်သင်တန်း ၏ အဓိက ရည်ရွယ်ချက်မှာ

  • ချေးငွေအရာရှိများအား ပြောင်းလဲလာသော ဒီဂျစ်တယ်စနစ်များကို စနစ်တကျ သိနားလည်စေရန်

  • အဖွဲ့အစည်း၏ ဒီဂျစ်တယ်စနစ် အရွေ့အပြောင်းကို စနစ်တကျ နားလည်ပြီး အကောင်အထည်ဖော်နိုင်စေရန်

  • ချေးငွေယူထားသူများအား ပြောင်းလဲလာသော ဒီဂျစ်တယ်စနစ်ကို လက်ခံယုံကြည်ပြီး အသုံးပြုလာနိုင်အောင် ကူညီပေးရန်

တို့ ဖြစ်ပါတယ်။

အသေးစားချေးငွေလုပ်ငန်းမှ ဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ခြင်းဆရာဖြစ်သင်တန်း တွင် ပါဝင်သော သင်ခန်းစာများမှာ

၁။ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ (Digital Financial Services) အကြောင်း မိတ်ဆက်ခြင်း

  • ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုဆိုတာဘာလဲ

  • မတူညီတဲ့ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများ

  • မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများ

၂။ ချေးငွေအရာရှိတစ်ယောက်၏ ကဏ္ဍနှင့် အရေးပါပုံ (The Role Of The Loan Officer)

  • ချေးငွေအရာရှိတစ်ယောက်က ဘာတွေလုပ်ဆောင်သလဲ

  • ချေးငွေအရာရှိတစ်ယာက်ရဲ့ ဦးစားပေးအလုပ်တွေက ဘာတွေလဲ

  • ချေးငွေအရာရှိတစ်ယောက်က ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိသလဲ

၃။ ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပေးခြင်း (Digital Loan Disbursments)

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပေးခြင်း ဆိုတာဘာလဲ

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပေးသော ပုံစံများ

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပေးရာတွင် ဆောင်ရန်၊ ရှောင်ရန်များ

၄။ ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပြန်လည်ပေးဆပ်ခြင်း (Digital Loan Repayments)

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပြန်လည်ပေးဆပ်ခြင်း ဆိုတာဘာလဲ

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပြန်လည်ပေးဆပ်သော ပုံစံများ

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ချေးငွေပြန်လည်ပေးဆပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်များ

၅။ ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေလွှဲပြောင်းခြင်း (Digital Cash Transfer)

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေလွှဲပြောင်းခြင်း ဆိုတာဘာလဲ

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေလွှဲပြောင်းသော ပုံစံများ

  • ဒီဂျစ်တယ်ငွေကြေးဖြင့် ငွေလွှဲပြောင်းရာတွင် ဆောင်ရန်၊ ရှောင်ရန်များ

၆။ ချေးငွေယူသူများအတွက် အသိပညာပေး သင်ခန်းစာပလက်ဖောင်း (Tools For SME/Clients)

  • ငွေဥယျာဉ် ဒီဂျစ်တယ်သင်ခန်းစာ ပလက်ဖောင်းက ဘာလဲ

  • ငွေဥယျာဉ် ဒီဂျစ်တယ်သင်ခန်းစာ ပလက်ဖောင်းမှာ ဘာသင်ခန်းစာတွေ ပါဝင်လဲ

  • ငွေဥယျာဉ် ဒီဂျစ်တယ်သင်ခန်းစာ ပလက်ဖောင်းကို မိတ်ဆက်နည်း အမျိုးမျိုး

  • ဒီဂျစ်တယ်ငွေကြေး အပလီကေးရှင်း တစ်ခုကို ချေးငွေယူသူများအား မိတ်ဆက်ပေးခြင်း

၇။ ချေးငွေယူသူများအား ဒီဂျစ်တယ်ပလက်ဖောင်းများကို ရင်းနှီးကျွမ်းဝင်လာအောင် မိတ်ဆက်ပေးခြင်း (Onboarding Clients)

  • စနစ်တစ်ခု၊ အကြောင်းအရာတစ်ခုကို ရင်းနှီးကျွမ်းဝင်လာအောင် မိတ်ဆက်ပေးခြင်းဆိုတာ ဘာလဲ

  • ဒီဂျစ်တယ် ပလက်ဖောင်းများကို ချေးငွေယူများနှင့် မိတ်ဆက်ပေးခြင်း

  • မတူညီသော မိတ်ဆက်ပေးခြင်း ပုံစံများ

အဖွဲ့အစည်း၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို အကောင်းအထည်ဖော်နိုင်ရန်အတွက် အဖွဲ့အစည်းနှင့် ချေးငွေယူသူများအကြား ပေါင်းကူးတံတားသဖွယ် ပြုမုလုပ်ဆောင်ရင်း ဒီဂျစ်တယ်စနစ် အပြောင်းအလဲမှာ ပါဝင်လုပ်ဆောင်လိုက်ကြရအောင်ပါ။

သင်ခန်းစာများကို နားလည်သိကျွမ်းရုံသာမကပဲ မြန်မာနိုင်ငံ၏ အသေးစားချေးငွေလုပ်ငန်းများ ဒီဂျစ်တယ်စနစ် ပြောင်းလဲသော အရွေ့မှာ ပါဝင်လုပ်ဆောင်ရင်း မြန်မာ့ဒီဂျစ်တယ်စီးပွားရေးစနစ်ကိုပါ အကောင်အထည်ဖော်နိုင်အောင် ဝို်င်းဝန်းပါဝင်ကြပါစို့ဟု တိုက်တွန်းပြောဆိုလိုက်ပါသည်။


Who this course is for:

  • အသေးစားချေးငွေလုပ်ငန်းများမှ ဝန်ထမ်းများ
  • အသေးစားချေးငွေလုပ်ငန်းများ ဒီဂျစ်တယ်စနစ်ပြောင်းလဲရာမှာ ပါဝင်ပြီး လုပ်ဆောင်သူများ